Wednesday, March 14, 2012

လမ်းကလေး

အဲဒီလမ်းကလေးမှာ..

ရောင်စုံမီးတွေ ဖြာလင်းမနေဘူး..
သစ်ရွက်ကြွေတွေလည်း ကဗျာဆန်ဆန် ပြန့်ကျဲမနေဘူး..
ပန်းရနံ့တွေလည်း မွှေးပျံ့မနေဘူး..

အဲဒီလမ်းကလေးဟာ..
လှပတဲ့ မြေနီလမ်းကလေးလည်းမဟုတ်ခဲ့ဘူး
ကမ္ဘာကျော်တဲ့ အမှတ်တရတွေလည်း
မရှိခဲ့ပါဘူး..

ဒါပေမယ့်..
မျှော်လင့်ချက်တစ်ခုတည်းကြောင့်
အဲဒီလမ်းကလေးဟာ
ငါ့အတွက် အခမ်းနားဆုံး နေရာတစ်ခုဖြစ်ခဲ့တယ်..






1 comment:

  1. လာလည်သွားတယ် သူငယ်ချင်းရေ.......

    ReplyDelete