အချစ်လို့ အမည်မတပ်ခဲ့ပါဘူး..
စွဲလမ်းရူးသွပ်ရုံလေးပါ..
အိပ်ပျက်ည
များစွာနဲ့
အိပ်မက်ပေါင်း
တစ်ထောင့်ငါးရာ ကို ခိုးယူခဲ့ရုံလေးပါ..
ရင်ခုန်သံတွေကို
ကမောက်ကမ
ဖြစ်စေခဲ့ရုံလေးပါ..
အချစ်မဟုတ်ခဲ့ပါဘူး..
မျက်ရည်မြစ်တစ်စင်း
စီးဆင်းစေခဲ့ရုံပါ..
သ၀န်တိုမှုများစွာနဲ့
လောင်မြိုက်စေရုံလေးပါ..
အချစ်မဟုတ်ပါဘူး..
နေ့တိုင်း
တွေ့ချင်ပြီး
မိနစ်တိုင်း
မင်းအကြောင်းတွေးချင်နေရုံလေးပါ..

